သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Sep 2023

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ်၊အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဩဂုတ်လပထမအပတ်၌ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ဘေး/စီမံဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

14 Sep 2023

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာ၊ လုံယုမ်းကျောင်းတိုက်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွင့်ပွဲ အခမ်းအနားအား စက်တင်ဘာလ (၁) ရက်နေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်းတိုက်ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

14 Sep 2023

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွာသစ်ကျေးရွာအုပ်စု၊ နားမုံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၀)က ဒေသဝက် အကောင်(၅၀) မွေးမြူရေးဘဏ်စနစ်ဖြင့်ဖြန့်ဖြူးရန် ကျေးရွာကြီးကြပ်မှုကော်မတီရွေးချယ်ခြင်းနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

14 Sep 2023

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

14 Sep 2023

  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကတ်တောင်အုပ်စု၊ ကတ်ကျောင်းကျေးရွာအတွင်းရှိ “ရွှေချယ်ရီ” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေး တို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည

Pages