သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် Pullman Mandalay Mingalar Hotel မန္တလေးမြို့၌ ပြည်တွင်းချည်မျှင်ထုတ်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညွန့်အောင်နှင့် ချည်မျှင်စက်ရုံလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းများသည် ဖျာပုံမြို့နယ် နောက်မီးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၃)ရက်နေ့နံနက်(၁၀:၀၀)နာရီတွင် ရေထွက်ပစ္စည်းလုပ်ငန်းရှင်(၃၀)ဦးနှင့်တွေ့ဆုံ၍ ရေထွက်ပစ္စည်းများဖွံ့ဖြိုးတိုး တက်စေရေးဆွေးနွေးခဲ့ကြောင်းသိရသည်။

ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊တားမြစ်ထုတ်ကုန်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့်စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ရည်ရွယ်ကာ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၅)ရက်၊နေ့လည် (၁:၃၀)နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကိုင်းမြို့၌ ခေါက်ဆွဲစက် ၂၆ စက်ရှိသည့်အနက် ပါရမီရပ်ကွက်ရှိ စိန်ကြည်ခေါက်ဆွဲစက်လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးသည် ဇန်နဝါရီလ (၁၀)ရက်၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗုဒ္ဓကုန်းရပ်၊ ပခုက္ကူ-ရေစကြိုလမ်း ရှိ Royal King Land Manufacturing & Distribution Co.,Ltd စီးကရက်လုပ်ငန်း အမှတ် (၃) စီးကရက်စက်ရုံအား စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်
