သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီ (၁၈)ရက်နေ့၌ ရတနာစက်သုံးဆီဆိုင်သို့လည်းကောင်း၊ ဇန်နဝါရီ(၁၉)ရက်နေ့၌ Petro-K စက်သုံးဆီဆိုင်သို့လည်းကောင်း၊ မြို့နယ်တာဝန်ခံမှဦးဆောင်၍ မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့မှ သတ်မှတ်ထားသော စက်သုံးဆီခွဲတမ်းများ၊ ဈေးနှုန်းများ အရည်အသွေးများ အချိန်အတွယ်ပမာဏများအတိုင်း မှန်ကန်ပြည့်စုံစွာ ရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ပေါက်ခေါင်းမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေးသို့လည်းကောင်း၊ ပန်းတောင်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဦးဆောင်၍ မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးနှင့်မြို့ပေါ်ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ စားသုံးသူပြည်သူမျာ

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးလုပ်ငန်းများကို စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်ရှိ မုန့်လုပ်ငန်းရှင် (၇)ဦးအား စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးဦးစီးဌာန ၊ ဟင်္သာတခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့နှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် မုန့်မျိုးစုံ ရောင်းချသောဆိုင်များအား ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။
