သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော သင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက စားသုံးသူကာကွယ်ပေးရေးအကြောင်း တက်ရောက်ဆွေးနွေး ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်သည် နှစ်စဉ် ဖရဲသခွားဧက တစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းပြည်ပတင်ပို့ရောင်းချလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖရဲသခွားစိုက်ခင်းသို့ ကွင်းဆင်းခဲ့ရာ လက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည် ၂ဝ၁၅ ခုနှစ်မှစတင်၍ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဖရဲသခွားနှင့်ပတ်သက်၍လည်း အသင်းအဖွဲ့ဆိုင်ရာမျ

၂၅.၁၂.၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့်အဖွဲ့သည် ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေးအတွက် အရာတော်မြို့နယ်ရှိ စိုက်ပျိုးထားသော သနပ်ခါးစိုက်ခင်း၊ သရက်စိုက်ခင်း၊ ဒန့်သလွန်စိုက်ခင်းနှင့် လျှော်ဖြူစိုက်ခင်းများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စိုက်ခင်းပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က သီးနှံများစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်ထားခြင်းမရှိတော့ဘဲ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတ
