သတင်းနှင့် လှုပ်ရှားမှုများ
၇-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ (၁/၂၀၂၁)ကို ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းနှင့် ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့မှတက်ရောက်ခဲ့ပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မဘိမ်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၂၃,၉၉၆ ဧကရှိပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ ၁၇,၉၄၁ ဧက ရိတ်သိမ်းထားကာ အထွက်နှုန်းမှာ တစ်ဧကလျှင် ၇၆.၆၅ တင်း ထွက်ကြောင်းနှင့် ပျက်စီးမှုဧကမှာ ၅၅၅.၅၁ ဧကရှိကြောင်း သိရှိရပါသည်။

COVID 19 ရောဂါဖြစ်ပွားနေသောကာလအတွင်း မွန်ပြည်နယ်အတွင်းမှာရှိသော ငါးဖမ်းလုပ်သားများ၏ ငါးဈေးကွက်များ ရပ်တန့်နေရခြင်းသဘောဖြစ်နေသည့်အတွက် ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းအပေါ် မွန်ပြည်နယ် သမဝါယမဦးစီးဌာန မှတဆင့် ငါးဈေးကွက် တိုးချဲ့ဖြန့်ဖြူးနိုင်ရေးအတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် သမဝါယမအသင်းစုတို့နှင့်ချိတ်ဆက်ပြီး အမြတ်မယူဘဲ တစ်မြို့နယ်လျှင် ငါး ပိဿာချိန် ၅၀ မှ ပိဿာချိန် ၁၀၀ အထိ စားသုံးသူပြည်သူများထံ မိုဘိုင်းစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရ

မိုးညှင်းခရိုင်၊ မြို့နယ်အဆင့် COVID–19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆပ်ကော်မတီအလိုက် တာဝန်ခွဲဝေပေးအပ်ခဲ့ရာ မိုးညှင်းမြို့စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးလွင်(လ/ထကြီးကြပ်ရေးမှူး)သည် အဖွဲ့ဝင်အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ၁/၂၀၂၁ ကြိမ်မြောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို Zoom Application အသုံးပြု၍ ၅.၁.၂၀၂၁ မှ ၆.၁.၂၀၂၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းပို့ချသူ အရာထမ်းများနှင့် ခရိုင်များမှ သင်တန်းသား / သူ(၁၄)ဦး ၊ လေ့လာသူ(၃) ၊ စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ပါသည်။
