သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Oct 2020

            မြန်မာ့သဘာဝရော်ဘာထုတ်ကုန် အရည်အသွေးပိုမိုကောင်းမွန်ရေးနှင့် နိုင်ငံတကာဈေးကွက် နှင့် ဈေးနှုန်းရရှိစေရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက် ရေးနှီးနှောဖလှယ်ပွဲကို ၃၀.၉.၂၀၂၀ ရက်နေ့တွင် Online စနစ် ဖြင့် ကျင်းပခဲ့ပါသည်။

02 Oct 2020

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက နေ့စဉ်တွက်ချက်ရမည့် ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့် ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အား သက်တမ်းတိုးမြှင့်ခြင်းညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အောက်ပါ file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

29 Sep 2020

         ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂) ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ)(Apron& Drain)အပါ  အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း အား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ ၁၁.၉.၂၀၂၀ ရက်နေ့တွင် အဆောက်အအုံ တခါးပေါက်များ သံပန်းတပ်ဆင်ခြင်းနှင့် ရုံးဝင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းပမာဏ၏ ၁၀၀% ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်

29 Sep 2020

       ၁၁.၉.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေဦးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့စသည့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ အလှကုန် အရောင်းဆိုင်များတွင် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အ

23 Sep 2020

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ၁၉.၉.၂၀၂၀ ရက်နေ့ တွင် ပြည်မြို့၊ နဝဒေးတံတားစစ်ဆေးရေးဂိတ်တွင် မြို့နယ် Coronaviurs Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း  စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages