သတင်းနှင့် လှုပ်ရှားမှုများ
အောက်တိုဘာလ ၂၃ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၄) ကိုကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စာသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်၊၊

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်၊ အကြီးတန်းစာရေးတို့သည့ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား ကွင်းဆင်း၍ စက်သုံးဆီပြတ်လပ်ခြင်းရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည့်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ အမှတ်(၁၆)ရပ်ကွက်၊ (၁)လမ်းရှိ ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန် အရောင်းစင်တာဖွင့်လှစ်မည့်နေရာသို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
