“လျှပ်စစ်ကား(Electric Vehicle-EV)များနှင့် အားသွင်းစက်(Charger)များ ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရန်အသိပေးကြေညာခြင်း”

Powered by Drupal
Wed, 04/26/2023 - 10:22 -- consumer_admin

      စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ရည်ရွယ်ချက်များနှင့်အညီ စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့်အဝရရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများအား ကုစားပေးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

      စားသုံးသူပြည်သူများ အလွယ်တကူဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်နှင့် တိုင်ကြားနိုင်ရန်တို့အတွက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center – CICC) ရုံးပေါင်း (၄၈)ရုံးကို ဖွင့်လှစ်ထားသည့်အပြင် Consumer Call Center ဖုန်းနံပါတ်(၁၅၃၅)သို့ ဆက်သွယ်ခေါ်ဆိုကာ စုံစမ်းမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းတို့ကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ပါသည်။

      သို့ဖြစ်ပါ၍ လျှပ်စစ်ကားများ(Electric Vehicle – EV)နှင့် အားသွင်းစက်(Charger)များအား ဝယ်ယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန ၏ Consumer Call Center ဖုန်းနံပါတ်(၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

(စားသုံးသူရေးရာဦးစီးဌာန)