မြိတ်ဒေသတွင်ရင်ဆိုင်နေရသော ငါးဖမ်းလှေများအကြောင်း

Powered by Drupal
Thu, 06/26/2025 - 15:02 -- consumer_admin

    တနင်္သာရီတိုင်းကမ်းရိုးတန်းသည် မြန်မာနိုင်ငံတောင်ဘက်ခြမ်းတွင်တည်ရှိပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်း(၃)ခုအနက်အရှည်ဆုံးကမ်းရိုးတန်းတစ်ခုဖြစ်၍ကမ်းရိုးတန်းမိုင်(၂၀၀)ရှည်လျားသည်။ တနင်္သာရီတိုင်းသည် ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး အသား၊ငါးများပေါများသောဒေသဖြစ် သည်။မြန်မာ့ပင်လယ်ပြင်၌ ငါးသောက်ပေါက်ရာသီဖြစ်သည့်ဇူလိုင်လအတွင်းတွင်မြိတ်ခရိုင်အတွင်း ရှိ ကမ်းဝေးငါးဖမ်းလှေများကို ပင်လယ်ပြင်၌ ငါးဖမ်းဆီးမှုကို တချို့ အချို့သောငါးဖမ်းလှေများကို ကန့်သတ်ချက်ဖြင့်ခွင့်ပြုထားကြောင်းစုံစမ်းသိရှိရသည်။

    ကမ်းရိုးတန်းရေပြင်တွင်ငါးသယံဇာတများကို ယခင်က မိရိုးဖလာဖမ်းဆီးစားသောက်ရောင်း ချ ခြင်းများသာရှိခဲ့သည်။ယနေ့အချိန်တွင်ခေတ်စနစ်များပြောင်းလဲလာပြီး နည်းပညာများ တိုးတက် လာကာ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငါးသယံဇာတများကိုခေတ်မီနည်းပညာများ ဖြင့်ဖမ်းဆီးကြပြီး ပြည်တွင်း/ပြည်ပတင်ပို့ရောင်းချခြင်း၊ ပြည်ပပို့ကုန်များ အရည်အသွေး မြှင့်တင် ခြင်းများ ဆောင်ရွက်လာကြသည်။

   ယခုလမှစ၍ ပင်လယ်ကမ်းဝေးငါးဖမ်းလှေများကို ငါးဖမ်းကိရိယာအမျိုးအစားအလိုက် ငါးဖမ်းခွင့်ပြန်လည်ခွင့်ပြုပေးခြင်းဖြစ်ကြောင်းသိရသည်။တနင်္သာရီတိုင်းဒေသကြီးတွင်ငါးဖမ်းလှေများ အထွက်စရိတ်နှစ်ဆကျော်မြှင့်တက်လာသည့်အတွက် ငါးဖမ်းလှေအချို့လုပ်ငန်းများတွင် တွက်ခြေ မကိုက်တော့ဘဲ ကမ်းထိုးရပ်နားမှုများဖြစ်လာကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်း သိရှိရပါသည်။

   အထွက်စရိတ်အပြင်ရာသီဥတုဆိုးဝါးမှု၊ငါးရရှိနည်းပါးမှု၊ငွေကြေးဖောင်းပွလာမှုကြောင့်ထိုင်း နိုင်ငံတွင် ငါးဈေးချထားမှုများကလည်း လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများစွာဖြစ်လာနေကြောင်း၊  ဒီဇယ်ဆီဈေး၊ရေခဲဈေး၊ကုန်ခြောက်/ကုန်စိမ်း၊လှေသားစရိတ်နှင့်အထွေထွေစရိတ်များ ဖြင့် ကုန်ကျ စရိတ်များပြားလာမှုကြောင့် ငါးဖမ်းလှေတစ်စီးဟာပင်လယ်ပြင်ကိုထွက်သွားရင်လည်း ငါးသေချာ ပေါက်ရမယ်ဆိုတာ ထွက်ထားလို့မရဘူး၊ယခုလိုမျိုး ရာသီဥတုဆိုးဝါးရင်လည်း ကျွန်းတွေခိုလိုက်၊ ငါးဖမ်းကွက်ကိုငါးထွက်ဆွဲလိုက်နှင့် သတ်မှတ်ရက်ပြည့်သွားတော့ တစ်ချို့လှေတွေဟာကမ်းမှာ ထိုးထားကြပြီး လုပ်ငန်းရပ်နားလိုက်တဲ့ ပုံမျိုးမဟုတ်ဘဲ တွက်ချေမကိုက်လို့ ကမ်းထိုးပြီး ငါးဖမ်းမ ထွက်တော့တဲ့  ပုံစံမျိုးပါလို့ ငါးဖမ်းလှေ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်းလှေနှင့်ကမ်းနီးငါးဖမ်းလှေများ ထောင်၊ သောင်းနှင့်ချီရှိရာ ရေလုပ်ငန်းမှာ တိုင်းဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်း တစ်ခု ဖြစ် ကြောင်း လေ့လာသိရှိရသည်။ အထွက်စရိတ်များ ကြီးမြှင့်လာမှုကြောင့်  ကမ်းထိုးရပ်နားနေကြရ သည့် လှေ တစ်ချို့ရှိရာ ရေလုပ်သားများအတွက် အခက်အခဲများကြားက လုပ်ငန်းများကို တောင့်ခံကာ ဆက် လက်လုပ်ကိုင်နေရသူများလည်းရှိနေကောင်း ရှိနေကြမည်ဟု စုံစမ်းသိရှိရပါသည်။

     မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတတည်ရှိမှုကို လေ့လာသုံးသပ်ချက်အရ လျော့နည်းနေပြီး ရေသယံဇာတများကို ထိန်းသိမ်းရန်လိုအပ်ကြောင်းကို  ငါးမျိုးဥ ဥနေသည့် ရာသီကိုပါ ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်လုပ်ဆောင်နိုင်မှသာလျှင် ရေလုပ်ငန်းနဲ့ အဓိက   အသက်မွေးဝမ်းကြောင်းပြုနေတဲ့ငါးသယံဇာတကိုရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(တနင်္သာရီ)