ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Nov 2023

    တောင်ငူမြို့ညောင်ပင်ဈေးတွင် အာဒါလွတ်ဥနှင့် ထန်းမြစ်များ  စတင်ရောင်းနေပြီ ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် အာဒါလွတ်ဥနှင့် ထန်းမြစ်များကို ပြုတ်၍ ဆီဆမ်းကာ သရေစာအဖြစ် စားသုံးကြပါသည်။

03 Nov 2023

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီးတစ်ပိဿ

03 Nov 2023

    တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှ ထွက်ရှိသော လိမ္မော်သီးများ စတင်ဝင်ရောက်လာပြီဖြစ်သည်။ ရှမ်းပြည်နယ်မှ ထွက်ရှိသောလိမ္မော်သီးများမှာ ဆောင်းဦးတွင် စတင်ဝင်ရောက်ပြီး၊ ဆောင်းတွင်းကာလတွင် အပေါများဆုံးဖြစ်ပါသည်။

03 Nov 2023

   ဘားအံမြို့၊ ကမ်းနားလမ်း (စနေနေ့)အခွန်လွတ်ဈေးတွင် ဘားအံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုယ်တိုင်မွေးမြူ၊ စိုက်ပျိုး၊ ထုတ်လုပ်သည့် သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ စားသုံးဆီစသည့် အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများထံသို့ ကိုယ်တိုင်ရောင်းစနစ်ဖြင့် အပတ်စဉ် စနေနေ့တိုင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

03 Nov 2023

   ကိုဗစ် (၁၉) ကပ်ရောဂါများကြောင့် (၂) နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့သည့် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ပွဲဈေး လာရောက်ရောင်းချသူများနှင့် စည်ကားနေပြီဖြစ်ပါသည်။ ဘုရားပွဲတော်သို့ လာရောက်ရောင်းချသည့် ဘုရားပွဲဈေးသည်များမှာ မြန်မာမုန့်စုံများ၊ ကလေးကစားစရာအရုပ်ဆိုင်များ၊ လူသု

Pages