ပြည်တွင်းကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၈-၁၁-၂၀၂၃)ရက်နေ့တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား ဈေးကားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် နိုဝင်ဘာလ(တတိယ)ပတ်အတွင်း ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (တစ်အိတ်)လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧည့်မထ ဆန် (တစ်အိတ်)လျှင် ၁၀၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၁၀၀ ကျပ်၊
မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများအဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်သူများထံမှ သိရှိရပါသည်။
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများ အရသိရသည်။
မတ်ပဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ ဒုတိယပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ် (၈၀,၀၀၀)ကျပ်၊ ရွှေကောမတ် (၂၀:၁၂:၁၂) တစ်အိတ် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်) တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း (တရုတ်) တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၇၆,၀၀၀)
