ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jan 2024

    တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မီးသွေးကုန်းကျေးရွာတွင် အသားစားဝက်မွေးမြူရေး  လုပ်ငန်းကိုလည်း လုပ်ကိုင်ဆောင်ရွက်နေပြီး အသားစားဝက်မွေးမြူရာတွင် (၁)လခွဲသားပေါက် တစ်ကောင်ကို (၁၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူမွေးမြူခဲ့ပြီး ဝက်ကောင်ရေ (၁၀၀၀)ခန့် မွေးမြူထားရှိပါသည်။ ဝက်စာများကို မြန်မာစီပီကုမ္ပဏီမှ CP ဝက်စာများကို ဝယ်ယူကျွေးမွေးပါသည်။

26 Jan 2024

  ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၆.၁.၂၀၂၄) မှ (၂၂.၁.၂၀၂၄) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၆၄၈၅၀) အိတ်၊ ပေါ်ကျွဲ (၈၃၇၀) အိတ်၊ ဧည့်မထ (၁၄၂၄၃၀) အိတ်၊ ဆန်ကွဲ (၂၈၈၂၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့)မှ ဧည့်မထ (၁၀၀၀၇) အိတ်နှင့် ပဲခူး(အနောက်)မှ ဧည့်မထ (၃၂၄၀၇) အိတ်၊ ငစိန် (၁၉၄၀) အိတ်ဝင်ရောက်ခဲ့ပါသည်။

26 Jan 2024

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင

26 Jan 2024

   မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)သည် သံလွင်မြစ်ကမ်းနံဘေးတွင် တည်ရှိပြီး ရေခံမြေခံအားဖြင့် စိုက်ပျိုးရေးထွန်းကားသော မြို့တစ်မြို့ဖြစ်သည်။ ဒေသခံများမှာ အများအားဖြင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းလျက်ရှိသည်။

26 Jan 2024

      ၂၅.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages