ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီ လက်ကျန် အခြေအနေများအား အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးသို့ ပတ်ဝန်းကျင်ကျေးရွာများနှင့် ဆိပ်ဖြူ၊ စလင်း စသောကျေးရွာများမှ ပုစွန်ခြောက်၊ ငါးခြောက်များကို လာရောက်ရောင်းဝယ် လျက်ရှိကြပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုစွန်တို့ကို မြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင် တည်ရှိသော မြင်ကွန်းရွာမှ ဈေးသည်များ အများဆုံးလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ မင်းဂံ၊ ဇီးတော စသည့်ကျေးရွာများ၌ စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ဇီးတောကျေးရွာ၌ ဆောင်းသီးနှံအဖြစ် ပဲကြီးသီးနှံကိုစိုက်ပျိုးကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ ဇီးတော၊ မင်းဂံ စသည့်ကျေးရွာများ၌ စပါး၊ ကုလားပဲ၊ ပဲကြီး၊ ပဲစင်းငုံ၊ မြေပဲ၊ ဝါသီးနှံများအပြင် ချဉ်ပေါင်၊ ကျောက်ဖရုံ၊ ဘူး၊ ရွှေဖရုံ၊ သခွား၊ ပြောင်း၊ ငရုတ်၊ ရုံးပတီ စသောမီးဖိုချောင်သုံးသီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုး
