ပြည်တွင်းကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသော ပြည်နယ်ဖြစ်ရာ မုဒုံမြို့နယ်ရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားဝန်းကျင် တစ်ဝိုက်တွင် ယိုးဒယားပိန္နဲသီးမျိုးများ စိုက်ပျိုးမှုဖြစ်ထွန်း၍ ယခုနှစ်တွင် ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။
မွန်ပြည်နယ်သည် လယ်ယာသီးနှံ ဥယျာဉ်ခြံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကောင်းမွန်သည့်ပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့်ရာသီပေါ် ဒူးရင်းသီးများ စတင်ထွက်ရှိချိန် လူကြိုက်များသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။
၈.၄.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်းနှင့် တွေ့ဆုံခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၅/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

၉.၄.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
