ပြည်တွင်းကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဇွန်လ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်းမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများမရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ဒူးရင်းသီးကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီးရန်ကုန်တိုင်း၊ ပဲခူးအရှေ့ခြမ်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်းစိုက်ပျိုးကြသည်။ ဒူးရင်းသီးသည် ပူအိုက်စွတ်စိုသော ရာသီဥတုကိုကြိုက်နှစ်သက်ပြီး မိုးဦးကျ ဇွန်လတွင် စတင် စိုက်ပျိုးပေးရပါသည်။ မိုးဦး၊မိုးနှောင်းကာလနှင့်ပန်းပွင့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပ
အသားမှာ ဝက် အသီးမှာ သရက် ဆိုသကဲ့သို့ပင် ယခုအချိန်ခါ၌ ရနံ့မွှေး၍ အရသာကောင်းမွန်သော စိန်တစ်လုံးသရက်များ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ရာလူကြိုက်များသောကြောင့်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပေါ်ဦးပေါ်ဖျားကာလတုန်းကဆိုလျှင် စိန်တစ်လုံးသရက် တစ်လုံးလျှင် (၁၅၀၀- ၂၀၀၀ကျပ်) အထိဈေးကောင်းရရှိခဲ့ပြီး ယခုဇွန်လဆန်းပိုင်း
