ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနီ၊ ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပြာ၊ မြေပဲနှင့် ဝါသီးနှံတို့မှာ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

လားရှိုးမြို့ ဇွန်လ ဒုတိယအပတ် ဘိလပ်မြေဈေးကွက်မှာ Crown ဘိလပ်မြေတစ်အိတ်လျှင် (၁၃၀၀၀) ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင် (၁၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရသည်။ လားရှိုးမြို့ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးက

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး/ စစ်ရေးအခြေအနေများကြောင့် လားရှိုးမြို့ပေါ်တွင် ကုန်ဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့မြင့်တက်လျက်ရှိကြောင်း သိရှိ ရပါသည်။ ယခင်က ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးဈေးမှာ ပုံမှန် (၁၅၀၀ မှ၂၅၀၀)ကျပ် အတွင်းရှိသော်လည်း ယခုအခါတွင် တစ်နိုင်ငံလုံးနည်းတူ ၆၀၀၀ကျပ်အထိမြင့်တက်လျက်

ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ အင်းသီး ခေါ် အင်းလေးကန် ကျွန်းမျောပေါ်မှာအဓိက စိုက်ပျိုးတဲ့ ခရမ်းချဉ်တွေဟာ အရင်နှစ်ကထက် ဈေးကောင်းရနေပေမဲ့ စိုက်ပျိုးစရိတ် နဲ့ စိုက်တဲ့ တောင်သူ နည်းပါးလာပြီး၊ ကျွန်းမျောတွေ ပျက်စီးကုန်တာကြောင့် အသီးအထွက်နှုန်းတွေလည်း နည်းလာပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့လည်းသိရပါတယ်။ အင်းလေးကန် အတွ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ကျေးရွာသည် စပါး၊ နှမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး စသည့်သီးနှံများအပြင် ဥယျာဉ်ခြံလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြကြောင်းသိရပါသည်။
