ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် နွေနှမ်းနှင့်မိုးနှမ်းများကိုစိုက်ပျိုးကြပါသည်။ ယခုနှစ်ဖြစ်သော ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ပျိုးဧက ၃၉၁၆၄ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးသောမျိုးများမှာ ဆင်းရတနာ(၃)၊ ဆင်းရတနာ(၁၄)နှင့် စမုံနက်မျိုးများကို အဓိကထား၍စိုက်ပျိုးကြပါသည်။ မိုးရာသီဖြစ်

ပြည်ခရိုင်တွင် ယခုအချိန်ဖြစ်သော ဇူလိုင်လ၊ စတုတ္ထအပတ်တွင် မိုးစပါးများစိုက်ပျိုးပြီးဖြစ်၍ စိုက်ပျိုးဧကမှာ (၉၅၄၆၅)ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ပြည်မြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက ၂၅၀၃၆ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၉၇၄၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၃၈၃၃၅ဧက၊ ရွှေတောင် မြို့နယ်တွင် ၂၂၃၅၂ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ယခင်နှစ်ဖြစ်သော ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များသည် ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း အခြေခံလူတန်းစားများနေထိုင်ရာရပ်ကွက်များသို့ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ ရောင်းချပေးလျက်ရှိပါသည်။

တောင်ငူခရိုင်ဖြူးမြို့တွင် မြေပဲဆန်(အဖြူ)မှာ ဇွန်လတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ကျပ်တက်ခဲ့ပြီး မြေပဲဆန် (အနီ)မှာ တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့ရှိ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးအရောင်းဆိုင်များ၌ ရွှေနဂါးအမှတ်တံဆိပ် ယူရီးယား(လုံးကြီး) ဓာတ်မြေဩဇာမှာ ဇွန်လတွင် တစ်အိတ်လျှင် ၈၃၅၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၇၈၅၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၅၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။
