ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပုသိမ်မြို့ မိုးရာသီတွင် သပြုသီးများ လှိုင်လှိုင်ထွက်ရှိလျက်ရှိပါသည်။ သပြုသီးပင်မှာ အလေ့ကျပေါက်သည့် အပင်ကြီးမျိုးဖြစ်ပါသည်။ သပြုသီးမှာအထပ်ထပ်ပါသော အခွံများကိုသာ စားရခြင်းဖြစ်ပါသည်။ သပြုသီးကိုငါးနှင့် ချဉ်ဟင်းချက်၍သော်လည်းကောင်း၊ပုစွန်နှင့် ကြော်ချက် ချက်၍သော်လည်းကောင်း၊ ငပိချက် ချက်၍သော်လည်းကောင်း၊ စားသုံး၍ ရပါသည်။သပ

ပုသိမ်မြို့ရှိ ကြောင်လျှာသီးကို မိုးရာသီမှသီးသော အသီးတမျိုးဖြစ်ပြီး ဟင်းသီးဟင်းရွက်များထဲတွင် တမျိုးအပါအဝင်ဖြစ်ပါသည်။ ကြောင်လျှာသီးကို အစိမ်းသီးနှင့် အညိုသီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အရသာမှာ ခါးသက်သက်နှင့် ပူရှိန်းရှိန်းအရသာရှိပါသည်။ ကြောင်လျှာသီးအစိမ်းကို ပါးပါးလှီးပြီး သုပ်စား၍သော်လည်းကောင်း၊ အချဉ်စိမ်၍ ချဉ်ဖက်အဖြစ

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသနေပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များနှင့် မိမိတို့၏နေအိမ်ခြံဝင်းများ၌ သဘာဝအလျောက် ထွက်ရှိသော ရာသီစာမှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိကြောင်း သိရပြီး မြန်မာနိုင်ငံတွင် သဘာဝအလျှောက် ပေါက်ရောက်သော မှိုများတွင်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင် (စံပြ)ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်းတို့ကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧက (၁၀၀)ဧကကျော်ရှိကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် အာလူးကို မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချပြီး ယခုအချိန်တွင် အာလူးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်းသိရသည်။
