ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jul 2025
တောင်ငူမြို့ ဈေးများသို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ အာလူးများ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိရာ ယခင်လက အာလူးအသေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၀၀၀ကျပ်နှင့်အကြီးတစ်ပိဿာလျှင် ၂၅၀၀ကျပ် ဖြစ်ပြီး၊ ယခုအခါ အာလူးအသေး တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၅၀၀ ကျပ် နှင့် အကြီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။
21 Jul 2025
တောင်ငူမြို့ ဈေးများသို့ မြို့၏ အနီးတဝိုက် ရွာများမှ ရာသီအလိုက် ဒေသထွက် သီးနှံများ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါ ရခိုင်ငှက်ပျောသီးများ အရောင်းအဝယ်ဖြစ်နေသည်။
21 Jul 2025
ဖြူးမြို့မဈေးအတွင်းရှိ ယခုလိုမိုးတွင်း အခါတွင် ဆူးပုတ်ရွက်များကို ဈေးထဲတွင် ပေါများစွာ တွေ့ရတက်ပါသည်။ ဆူးပုတ်ရွက်ကို နေရာ အနှံ့တွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်တွင် ဆူးပုတ်ကြီးနှင့်ဆူးပုတ်ကလေး ဟူ၍(၂)မျိုးရှိပါသည်။ ဆူးပုတ်ကြီးမျိုး၏ အရွက်သည် အရွယ်အစား ကြီးသလို အနံ့လည်း ပိုပြင်းပြီး ဆူးပုတ် ကလေးမျိုးသည် အရွက်အရွယ်အစားလည်း သေး၍ အနံ့လည်း မပြင်းပ
21 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ ဇူလိုင်လ (၇)ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ကြ
21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

Pages