ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ (၂၆.၂.၂၀၂၄) ရက်နေ့တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၂၅၀၀၀၀) ကျပ်၊ ရှမ်းဆန်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်ရှိပြီး၊ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလ

ပြင်ဦးလွင်မြို့သည် ရာသီဥတုကောင်းမွန်ပြီး အမြဲတမ်းစိမ်းလန်းစိုနေသည့်အတွက် သီးနှံများ စိုက်ပျိုးရာ၌ ကောင်းမွန်သည့်သာယာလှပသော တောင်ပေါ်ဒေသဖြစ်ပါသည်။ ယခုလိုအေးမြသည့် ဆောင်းရာသီအချိန်တွင် စိုက်ပျိုးလုပ်ကိုင်သူများက ရာသီပေါ်သီးနှံများကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသလို ဈေးကွက်အတွင်း တင်ပို့ရောင်းချရန်အတွက် စီးပွားဖြစ်စို

ယခုဖေဖော်ဝါရီလလယ်တွင် ပြည်မြို့ပေါ်ဈေးများသို့ ပုတီးကုန်း၊ သဲကုန်း၊ ပေါင်းတလည်နှင့် တောင်ခွေးရဲအုပ်စုတို့မှ ဆောင်းရာသီစိုက် ခရမ်းမီးအုံးသီးများ ဝင်ရောက်မှုရှိနေပြီး ဈေးကောင်းရလျှက်ရှိကြောင်း သိရှိရပါသည်။ တစ်ပတ်လျှင်ရက်ခြား အလုံး (၅၀)ခန့်သာ ဝင်ရောက်မှုရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုတစ်ပတ်တွင် ပြည်မြို့ပေါ်ဈေးကွက်များအတွင်း သံပုရာသီးနှင့်ရှောက်သီးများ ရှားပါး၍ ဈေးမြင့်တက်မှုရှိနေကြောင်း သိရှိရပါသည်။ ယခင်မိုးတွင်းစိုက်သံပုရာသီးနှင့် ရှောက်သီးများမှာ မိုးရေရ၍ အလုံးချောကာ ပေါများသဖြင့် ဈေးနှုန်းအနေဖြင့် ဈေးချိုသော်လည်း ယခု ဆောင်းတွင်းကာလ ရေသွင်း စိုက်ပျိုးရသဖြင့် ရှားပါးကာ ဈေးမြင့်ရခြင်းဖြစ်ကြောင်း သိ

ပြည်ခရိုင်အတွင်းရှိ ဈေးများတွင် ဒေသထွက်ရာသီပေါ်သီးနှံဖြစ်သော ဘူးသီးနှင့် ဘူးညွန့်များ ရောင်းချနေသည်ကို တွေ့ရပါသည်။ ဘူးညွန့်များမှာ စားသုံးသူများသည့် အပင်တစ်မျိုး ဖြစ်သောကြောင့် စိုက်ပျိုးသူများအတွက်လည်းနေ့စဉ် အပိုဝင်ငွေရရှိစေသော အပင်ဖြစ်ပါသည်။ ဘူးသီးများကိုချက်ပြုတ်၍ စားကြသလို အကြော်ဆိုင်များတွင်လည်း အကြော်ကြော်၍ ရောင်းခ
