ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2024

      တောင်ငူခရိုင် ဖြူးမြို့နယ်သည် စစ်တောင်းမြစ်ဝှမ်း ရေတော်မိုးတော်ဒေသဖြစ်၍ မိုးစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသကဲ့သို့ ပဲခူးရိုးမ တောင်ပေါ်ရှိ ဆည်ကြီးများ၊ ချောင်းပိတ်နှင့် အင်းအိုင်ရေများမှလည်း နွေစပါးများ အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ ပါသည်။

28 May 2024

    ဘီးလင်းမြို့နယ်တွင် ဒေသထွက်ဒူးရင်းသီးများ ယခုမေလအတွင်း လှိုင်လှိုင်ထွက်လျက်ရှိရာ မိုးတဖြိုက်လေတဖြိုက်ကာလဖြစ်သည်နှင့်အညီ ဒူးရင်းသီး စားသုံးသူများပိုမိုများပြားလာကြောင်း သိရှိရပါသည်။

28 May 2024

    တောင်ငူမြို့သည် အရှေ့ဘက်တွင် အရှေ့ရိုးမတောင်နှင့် အနောက်ဘက်ရှိ ပဲခူးရိုးမ တောင်ကြား စစ်တောင်းမြစ်ကမ်းနဖူးတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ တောင်ပေါ်ဒေသများရှိ ဝါးများမှရရှိသော ဝါးနွယ်မျှစ်များအား တောင်ခြေကျေးရွာများရှိ ရွာသူရွာသားများ ခုတ်ယူ၍ မြို့ပေါ်ရှိဈေးများတွင် လာရောက်ရောင်းချကြပါသည်။

28 May 2024

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၊ ဇုတ်သုတ်၊ မုသင်၊ ရွှေလှေကျေးရွာများ၌ ကွမ်းရွက်များကိုတပိုင်တနိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရရှိ၍ မိသားစုစီးပွားရေးအဆင် ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

28 May 2024

     မိုးရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် မိသားစု တပိုင်တနိုင်စိုက်ပျိုးရေး လုပ်ကိုင်သူများအနေဖြင့် စိုက်ဘောင်များ ပြုလုပ်ခြင်း၊ စင်များဆောင်လုပ်ခြင်းများ ပြင်ဆင်နေပြီ ဖြစ်သကဲ့သို့ မျိုးစေ့များလည်း စုဆောင်းဝယ်ယူနေကြပြီ ဖြစ်ပါသည်။

Pages