ကုန်သွယ်မှုသတင်းများ
မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီရောင်းဝယ်နေသော ကြက်ဥ/ ဘဲဥဈေးနှုန်း များမှာ ကြက်ဥ (ကြီး)တစ်လုံးလျှင် (၅၀၀)ကျပ်၊အလတ်တစ်လုံးလျှင် (၄၂၀) ကျပ်၊အသေး တစ်လုံး လျှင် (၃၈၀) ကျပ် တို့ဖြင့်အရောင်းဝယ်ဖြစ်လျက်ရှိနေပါသည်။

တောင်ငူမြို့ မြို့မဈေးကြီး၊ ညောင်ပင်လေးဈေး၊ ဘုရင့်နောင်ဈေး၊ ဘုရားဈေး နှင့် ကရင်မဈေးများ တွင် ဆောင်းသီးနှံလေးများဖြစ်သည့် ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချရာ ခဝဲသီးများလည်း ဈေးကွက်အတွင်း၌ ဈေးနှုန်းအနည်းငယ်မြှင့်၍ရောင်းကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။

တောင်ငူမြို့ ညောင်ပင်လေးဈေးအတွင်းရှိ ငှက်ပျောဆိုင်များတွင် ငှက်ပျောသီးနှင့် အုန်းသီးများ ဈေးနှုန်းကောင်းလျှက်ရှိပြီး ရခိုင်ငှက်ပျောသီးများကို ဝါဝင်/ ဝါထွက် ၊ ဘုရားပွဲ ၊ နတ်ပွဲများ၊ အလှူမင်္ဂလာပွဲများတွင် အသုံးများသလို ဈေးနှုန်းမှာလည်းမြှင့်တက်လျှက်ရှိကြောင်း သိရပါသည်။ ရခိုင်ငှက်ပျောသီးကို အသီး အရွယ်အစားပေါ်မူတည်ပြီး ၁ ဖီးလျှင် ၁၅၀၀ ကျပ် ၊ ၂၀၀၀ ကျပ်၊ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိ ဈေးနှုန်းမ

တောင်ငူမြို့၏ ကုန်စိမ်းဈေးဖြစ်သည့် ညောင်ပင်လေးဈေးသို့ မြို့၏အနီးတဝိုက်ကျေးရွာများ ဖြစ်သော ရှမ်းဝတီး၊ ဗမာဝတီး ၊ ဒိုးသောင် ၊ ဇီးဖြူသောင် နှင့် အခြားကျေးရွာများမှ ထွက်ရှိသော ဆောင်းသီးနှံ တစ်မျိုးဖြစ်သည့် ပြောင်းဖူးများ ရောင်းချလျက်ရှိနေသည်။

