ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကုလားပဲကို တောင်သူတော်တော်များက စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါတယ်၊ မြေတစ်ဧကကို မျိုးစေ့ ၂ တင်းမှ ၃ တင်းခန့်စိုက်ပျိုးကြရပြီး ကုလားပဲမျိုးစေ့များမှာ 929, V2 ,V3, V7 အများအပြားရှိသော်လည်း တောင်သူများက အထွက်ကောင်းသည့် 929, V2 မျိုးကိုသာစိုက်ပျိုးကြကြောင်း မျိုးစေ့ ၁တင်းလျှင် ကျပ်(၄၀၀၀၀) ပေးဝယ်ရကြောင်း၊ မျိုးစေ့ (၃)တင်း (၁၂၀၀၀၀) ကျပ်ပေးဝယ် ရပါကြောင်း ၊မြေတစ်ဧကကို ယခုနှစ်တွင် နွားရှည်းများဖြင့် မထွန်ယက

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဖျာပုံမြို့နယ်ရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ဧပြီလ(၁)ရက်နေ့နံနက်(၀၇:၀၀)နာရီအချိန်က မြို့မဈေးကြီးတွင်ရောင်းချလျက်ရှိရာ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ မြို့နယ်တာဝန်ခံဦးမင်းဇော်၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများလိုက်ပါ၍ ဈေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စက်သုံးဆီနှင့် စားအုန်းဆီများကို ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stakeholder များနှင့် ပူးပေါင်း၍ တင်သွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် အခါအားလျော်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင် ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အထူးစျေးနှုန်းဖြင့် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပိုက်ဆံလျှော်ပင်သည် လျှော်အဖြစ်ထုတ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေသြဇာအဖြစ်လည်း အသုံးဝင်လှသော စိုက်ပျိုးရေးကဏ္ဍမှာ အရေးပါသည့် အပင်ဖြစ်သည်။ စိုက်ပျိုးရေးပညာရှင်များသည် ပိုက်ဆံလျှော်၏ အသုံးဝင်မှုများအပြင် အခြားသီးနှံများ မဖြစ်ထွန်းနိုင်သောအခြေအနေတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးရေးအတွက် အရေးပါသော သီးနှံဖြစ်ကြောင်းဆိုပါသည်။