ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Apr 2022

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ (၁)ရက်နေ့မှ ဧပြီလ (၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး

08 Apr 2022

                 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ထန်းလျှော်ထန်းခေါက်တောင်းလုပ်ငန်းမှာ အသေးစားအိမ်တွင်း လက်မှုလုပ်ငန်းအဖြစ် ကျေးရွာရှိ အမျိုးသား၊ အမျိုးသမီးတိုင်းလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသည်။

08 Apr 2022

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ကြက်ဥအရောင်းဒိုင်‌ (၁၀) ဒိုင်ကျော်ရှိရာ ကိုဗစ်ကာ-၁၉ ကာလ ပထမလှိုင်းမှစ၍ ၂၀၂၂ ခုနှစ်၊ မတ်လကုန် အထိ ကြက်ဥစားသုံးမှုများလာသည့်အတွက် မုံရွာကြက်ဇုန်မှ ထွက်ရှိသော ကြက်ဥများဖြင့် ရောင်းချရန် လုံလောက်မှုမရှိ၍ ဈေးကွက်လိုအပ်ချက်အရ ကျောက်ဆည်၊ မြစ်သားမြို့များရှိ ကြက်ဇုန်များအထိ နှစ်ရက်ခြားသွားရောက်၍ ဝယ်ယူရောင်းချကြရကြောင်း သိရှိရသည်။

08 Apr 2022

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွေး၊ ကြေးမုံ ကျေးရွာများသည် အိမ်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာဖြစ်သည့်အလျောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အနေဖြင့် ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာလုပ်ငန်းကို တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

08 Apr 2022

            ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေပြုပြီး အသေးစားအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းတွင် အကြီးစားစက်မှုလက်မှု လုပ်ငန်း(၄၁)ခု၊ အလတ်စားစက်မှုလက်မှုလုပ်ငန်း(၆၁)ခု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း (၃၄၁)ခု ရှိပါသည်။ ထိုအသေးစားစက်မှုလက်မှုလုပ်ငန်းများတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း မုန့်လုပ်ငန်းများအတွက် အရောင်းအဝယ်ဖြစ်နေသည့် (ကော်ပြန့်စိမ်းရွက်) ထုတ်လုပ်ပုံ

Pages