ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Jul 2022

            ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ ချင်း ၁၀ပိဿာ အိတ် တစ်ပါတ်လျှင် အိတ်(၂၀၀)မှ (၃၀၀) ခန့်ထိ ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ချင်းလက်ကား တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်၊ လက်လီဈေးမှာ ၁၆၀၀ ကျပ်မှ ၁၈၀၀ကျပ်သာရှိခဲ့ပြီး ယခုအပတ် လက်ကားဈေးမှာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ လက်လီဈေးနှုန်းမှာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြစ်သဖြင့် ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ် မြှင့်တက်လာကြောင်း ချင်းရောင်းဝယ်သူ တစ်ဦးထံမှ သိရှိရပါသည်။

11 Jul 2022

           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအားပေးဆောင်ရွက်လျက် ရှိပါသည်။ မိမိတို့ဌာနအနေဖြင့်လည်း စားသုံးသူရေးရာလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ခရိုင်အတွင်း မြို့နယ်အလိုက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်

11 Jul 2022

            ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲများ၏ ယခင်လ၊ ယခုဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို နှိုင်းယှဉ်လေ့လာသိရှိရပါသည်။

မတ်ပဲ

11 Jul 2022

            ပြည်မြို့ဓါတ်မြေဩဇာဈေးကွက်၌ ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ယခုတစ်ပတ် ဈေးနှုန်းများမှာ အာမို(ပုလဲ)တံဆိပ်မြင်းပျံလုံးကြီးမှာ ၈၈၀၀၀ ကျပ်၊ အာမို ၁၅ပတ်လည် ၉၇၀၀၀ကျပ်၊ ရွှေနင်္ဂါး Top(1) မှာ ၉၆၀၀၀ကျပ်၊ (TTT) တံဆိပ် MC ၁၅ပတ်လည်မှာ ၉၁၀၀၀ကျပ် ၊ အာမိုဓါတ်ဆားမှာ ၆၅၀၀၀ကျပ်၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ဂလိုင်ဖောက် (ဝိစာရ) ၄၇၅၀၀ကျပ်၊ အာမိုဂလိုက်တာ ၄၈၅၀၀ကျပ်၊ မင်းမဟော်တံဆိပ် သိုင်းရှင်း ပိုးသတ်ဆေးမှာ ၄၇၅၀၀ကျပ်တို့ဖြင့်သည်။ ဘိလပ်မြေဈေးမှာ ပုံမှန

11 Jul 2022

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကြာနီကန်ရပ်ကွက်၊ အညာစုလမ်းတွင် ရွှေတောင်စည်းလုံချည်များ ရက်လုပ်ရောင်းချလျှက်ရှိရာ ထိုအလုပ်ရုံမှ ရွှေတောင် စည်းချည်ထည်ရက်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများကို မန္တလေးမြို့မှ ဝယ်ယူ၍ ရက်လုပ်သည်ဟု သိရပါသည်။ ရွှေတောင် စည်းလုံချည်ရက်လုပ်ရာတွင် အဓိကလိုအပ်သော (၂/၈၀)ချည်အမျိုးအစား (၁၀)ပေါင် ထုတ်တွင် အခင် (၄၀)ပါ တစ်ထုတ်လျှင် ၈၁၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ ရက်လုပ်ရပါသည်။ ထွက်ရှိလာသော ရွှေတောင်စည်းလုံချည် ချည်ချောများကို ရန်ကုန်မြို့၊ နေပြည်တော်နှင့်

Pages