ကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၁၂) ရက်နေ့မှ ဇူလိုင်လ (၁၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၇၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၂၀၀ မှ ၈၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (အဝါသီး) အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ မှ ၃၀၀ ၊ အလုံးသေး ကျပ် ၂၀၀ မှ ၁၀၀၊ သီပေါ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယခုဇူလိုင်လအတွင်း ဘိလပ်မြေဈေးနှုန်း ဈေးကွက်မှာ တည်ငြိမ်လျက်ရှိနေပါကြောင်း သိရှိရပါသည်။ ယနေ့(၂၀.၇.၂၀၂၂)ရက်နေ့တွင် ဘိလပ်မြေအမှတ်တံဆိပ် AAA(၁)အိတ်လျှင် (၇၆၀၀)ကျပ်၊ Crown(၁)အိတ်လျှင် (၇၃၀၀)ကျပ်နှင့် Alpha(၁)အိတ်လျှင် (၇၃၀၀)ကျပ်အသီးသီးရှိကြပြီး ၎င်းအမှတ်တံဆိပ်တို့မှာ ဈေးကွက်အတွင်းလူသုံးများပြီး ဈေးနှုန်း တည်ငြိမ်လျက်ရှိပါကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် နာနတ်သီးကို ကုန်းစောင်းမြေ ဥယျာဉ်ခြံများ၌ နှစ်ရှည်သီးနှံအဖြစ် မိုင်းလန်း၊ မိုင်းလပ်၊ မိုင်းဇင်းကျေးရွာအုပ်စုများတွင် အများဆုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယင်းသို့စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများကို ဇူလိုင်လပထမပတ်တွင် နာနတ်စိုက်ပျိုးသည့် တောင်သူကြီးများထံ မေးမြန်းခဲ့ပါသည်။
သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးများအား တောင်သူဦးကြီးများမှ ဈေးကောင်းမျှော်ပြီး စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်မိုးစပါးများ စိုက်ပျိုးကြရာတွင် မနောသုခ (၃၅၄၂၁)ဧက၊ ဆင်းသုခ (၃၄၃၃၀)ဧက၊ ရွှေဝါထွန်း(၃၆၀၁၀)ဧက၊ ကောက်ညှင်း(၉၀)ဧက ၊ ဇီယာ(၉၇၁၄)ဧက၊ မီးဒုံး(၅၉၈၂)ဧက၊ ပျော့ထွန်း(၂၈၀၇၇)ဧက စုစုပေါင်း(၁၄၉၆၂၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုနှစ်စိုက်ပျိုးပြီးစီးမှု (၇၀)ရာခိုင်နှုန်း စိုက်ပျိုးထားပြီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြားချ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ ခုနှစ်ခန့်လောက်ကစ တင်၍ ငါး၊ ပုဇွန်မွေးမြူရေး လုပ်ကိုင်ရန် ကန်တစ်ရာ စီမံကိန်း အဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်း မြို့နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်းစီးဆင်း နေပါသည်။ မြစ်မခမြစ် ပတ်ဝန်းကျင် ကျေးရွာများတွင် ရေကြီးရေလျံ ရေနက်ကွင်းများ ဖြစ်ပေါ်လျက် ရှိပါသည်။
