ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Aug 2022

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာ၌ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်နေသော မွေးမြူရေးဝက်ခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ အသားတိုးဝက်မွေးမြူခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ပုံမှန်ဝင်ငွေရရှိနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

16 Aug 2022

            လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှ ( ၁၄ )ဆိုင်ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ယခုဩဂုတ်လဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၃၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၇၁၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၃၃၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၃၉၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဩဂုတ်လပထမပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၂၂၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၂၈၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၉၀၅)ကျပ် နှင့် ဓါတ်ဆီ

16 Aug 2022

        ပြည်ဈေးကွက်တွင် ဩဂုတ်လဒုတိယပတ်တွင် နှမ်းနီဈေးများ ဆက်လက်မြင့်တက်လာခဲ့ပြီး နှမ်းနက်နှင့်စမုံနက်နှမ်းမှာ ဇူလိုင်လနောက်ဆုံးပတ်ထက်စာရင် ဈေးကျလာခဲ့ပါသည်။ ပြည်ဈေး ကွက်သို့ ပန်းတောင်းဘက်မှ နွေနှမ်းများအဝင်ရှိသလို ရွှေတောင်ဘက်မှလည်း မိုးနှမ်းများနေ့စဉ် ဝင်ရောက်လျှက်ရှိပါသည်။ ဆီစက်လုပ်ငန်းရှင်များက နှမ်းနီကိုအဝယ်ရှိသဖြင့် နှမ်းနီဈေးမြင့် တက်လာသည်ဟု သိရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းကို မန္တလေး၊ အောင်လံနှင့် ရှမ်းပြည်နယ် လားရှိုးဘက်မှ အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၀၀/၁၅၀

16 Aug 2022

            ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်တွင်  မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်များလည်း ဈေးကွက်သို့  ဝင်ရောက်မှု အနည်းငယ်သာရှိပြီး ဝယ်လိုအားများလာသဖြင့် ဈေးများဆက်လက်မြင့်တက်လာသည်ဟုသိရပါသည်။  ပြည်ခရိုင်၊ ရွှေတောင် ဘက်နှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်များတစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ ခန့် ဝင်ရောက်မှု့ရှိနေသော်လည်း ဆီစက်သမားများကလည်းဆီကြိတ်ရန်အဝယ်ရှိသလို မြေပဲလှော်ဖို၊ မြေပဲကြော်ဖိုများမှလည်း နေ့စဉ်အဝယ်ရှိသဖြင့် အရောင်းအဝယ်နေ့စဉ်ဖြစ်လျှက်ရှိပါသည်။

16 Aug 2022

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ဝါးတောအုပ်စု၊ ဖားအိုင့်ကျေးရွာတွင် မိုးနှမ်းများစတင်ထွက်ပေါ်နေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် သွားရောက်၍ မိုးနှမ်းများစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

Pages