ကုန်သွယ်မှုသတင်းများ
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဆောင်သောဝန်ထမ်းများ သည် (၆-၈-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့၊အေးမြကြည်လင်စျေး နှင့် လေးမျက်နှာဘုရားဝန်း တို့တွင် နေလသုခဆီဆိုင်မှ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများအား လက်လီ ၊ လက်ကား ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ကမိမိတို့ဝန်ကြီးဌာနမှစားသုံးဆီတင်သွင
ပြည်မြို့နယ်အတွင်းရှိ ကြာအင်း၊ ဖုမ္မသိမ်ရွာ၊ ပေါင်းတလည်မြို့ရှိ ကျေးလက်ဒေသများလည်း ကွမ်းပင်များကို တပိုင်စိုက်ပျိုးမှုရှိသလို စီးပွားဖြစ်လည်းစိုက်ပျိုးလျှက်ရှိပါသည်။ ကွမ်းပင်စိုက်ပျိုးရာ တွင် ကွမ်းခြံတစ်ခြံလျှင် ပျမ်းမျှအားဖြင့် ကွမ်းပင်(၁၀၀၀)ခန့်စိုက်ပျိုးကြပါသည်။ ကွမ်းညွှန့် တစ်ညွှန့် လျှင် ၁၀၀ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြပြီး အပင် (၁၀၀၀)စိုက်ပျိုးလျှင် (အညွှန့်၊ တိုင်၊ အမိုး၊ အကာ၊ အလုပ်သမားခအပါအဝင်) ကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခန့် ကုန်ကျသည် ဟုသိရပါသည်။
ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာ ဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အား စိုက်ပျိုးရာတွင် တချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ ဘေးပတ်လည်၊ နောက်ဖေး စသည့်နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် အပင် ငှက်ပျောပင် ၂၀-၅၀ ခန့် စိုက်ပျိုးထားကြပါ သည်။

ပြည်ကြက်သွန်ဖြူပွဲရုံများသို့ တောင်ကြီး၊ အောင်ပန်းနှင့် မန္တလေးဘက်မှ ပုံမှန်အဝင်ရှိ နေကြောင်းသိရှိရပါသည်။ ယခုရက်ပိုင်းတွင် ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ ရှိသည့် အပြင် လက်ပံတန်း၊ ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်များသို့လည်း အမှာရှိသလောက် ပို့နေရကြောင်းနှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှလည်း အဝယ်ရှိနေပါသည်။ ကြက်သွန်ဖြူ မှာယူသူ များအနေဖြင့် ကြက်သွန်ဖြူဈေးကျလျှင် အသုံးများသည့်အတွက် အိတ် ၁၀၀ခန့်ထိ အဝယ်ရှိပြီး ဈေးတက်လာလျှင် အသုံးလျော့ကာ အိတ် ၂၀သာ ပို့ပေးရကြောင်း
ပြည်ဈေးကွက်တွင် ဩဂုတ်လ မှစ၍ တို့စရာအဖြစ်အသုံးပြုရသော သရက်ကင်းများ စတင်ဝင်ရောက်လာခဲ့ပါသည်။ သရက်ကင်းမှာ လူအကြိုက်များသော တို့စရာတစ်မျိုးဖြစ်ပြီး ပြည်မြို့အနီး တဝိုက်ရှိကျေးရွာများတွင် စိုက်ပျိုးကြောင်းသိရှိရပါသည်။ ထွက်ရှိလာသော သရက်ကင်းများကို ပြည်မြို့ မြို့မဈေးကြီးနှင့် အခြားသောဈေးများတွင် ရောင်းချလျှက်ရှိပါသည်။ ရောင်းချသော ဈေးနှုန်းများမှာ ပေါ်ခါစတွင် တစ်ဆယ်ကျပ်သားကို ၅၀၀ကျပ် ဖြစ်ပြီး တစ်ပိဿာလျှင် ၄၀၀၀ကျပ် ဖြင့်ရောင်းချကြောင်း သိရှိိရပါသည်။ စားသုံးသူများရှိသဖြင့်