ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၂)သိန်းကျော်စိုက်ပျိုးပြီး၊ ဧက (၃)သောင်းကျော် ရိတ်သိမ်းပြီး ဖြစ်ပါသည်။ ပြည်ခရိုင်တွင် ဈေးကောင်းရပြီး အရောင်းသွက်နေသော မှော်ဘီ၊ ကျောက်ရွေး၊ အင်းမစပါးများ ထွက်ရှိမှုမရှိသေးဘဲ စပါးအရင်ဖြစ်သော မိုးစပါးအသစ်မှာ ပြည်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်များတွင်သာ ထွက်ရှိနေပြီး မိုးစပါးသစ်ဈေးနှုန်းမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် ယခင်လက ၁၀၀၀၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု နိုဝင်ဘာလဆန်းတွင် ၁၀၅၀၀၀၀ကျပ်ဖြင့် တင်း၁၀၀လျှင် ၅၀၀၀၀ကျပ် ဈေးမြင့်တက်လာခဲ့ပါသည်
ပြည်ဈေးကွက်တွင် ငရုတ်သီးခြောက်များလက်ကျန်နည်းနေသဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှစ၍ ဧပြီလအထိ ငရုတ်ပုတစ်ပိဿာလျှင် ၇၀၀၀-၇၃၀၀ကျပ်၊ ငရုတ်ရှည် တစ်ပိဿာလျှင် ၄၅၀၀-၅၀၀၀ကျပ် ဈေးရှိခဲ့ပြီး၊ မေလကုန်ပိုင်းတွင်စ၍ ဈေးများမြင့်တက် လာခဲ့ကာ ငရုတ်ပုတစ်ပိဿာလျှင် ၇၃၀၀-၈၅၀၀ကျပ်၊ ငရုတ်ရှည်တစ်ပိဿာလျင် ၅၀၀၀-၅၅၀၀ကျပ် အထိဈေးမြင့်တက်လာခဲ့ပါသည်။ ဇွန်လတွင် ငရုတ်ပုဈေး အနည်းငယ်ပြန်ကျ လာခဲ့ပြီး တစ်ပိဿာလျင် ၇၃၀၀ကျပ်ရှိခဲ့ပါသည်။ ငရုတ်ရှည်ဈေးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဈေးဖြင့် အနည်းငယ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ၊ သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းသီးများ စိုက်ပျိုးလျက်ရှိပါသည်။

ကကတစ်ငါး (ကပေါင်း)ကို မြိတ်မြို့၌ ရေချိုတွင်လည်းကောင်း၊ ရေငန်တွင်လည်းကောင်း၊ ရေချိုရေငန်အစပ်တွင်လည်းကောင်း စီးပွားဖြစ် မွေးမြူကြပြီး မြေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်ပြင်တွင် လှောင်အိမ်ဖောင်များဖြင့် မွေးမြူလျက်ရှိပါသည်။ ကကတစ်ငါး (ကပေါင်း)ကို ငါးသားပေါက် (၁၀၀၀၀)ခန့်မွေးမြူးလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ (၂၉၄,၀၀,၀၀၀/-)ကျပ် ကုန်ကျမည် ဖြစ်ပြီး၊ ငါးဖော်ချိန်၌ ကကတစ်ငါး(ကပေါင်း) (အရှင်) ၈၀ ရာခိုင်နှုန်း အောင်မြင်ပါက ရရှိနိုင်မည့် အကျိုးအမြတ်မှာ (၅၆၀,၀၀,၀၀၀/-)ကျပ်ခန
ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု နိုဝင်ဘာလ ၁၄ ရက်တွင် စျေးနှုန်းများမြင့်တက်နေပြီး ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်
