ကုန်သွယ်မှုသတင်းများ
နိုဝင်ဘာပထမပတ်တွင် ပွဲရုံများသို့ တစ်နေ့လျှင် ချင်းအိတ် ၅၀/၆၀ခန့် ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။ ဝင်ရောက်လာသောချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓါတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်း ငယ်ကျလာကြောင်း သိရှိရပါသည်။ ကထိန်ရာသီတွင် ဒါးလှီးချင်းသမားတို့ အဝယ်လိုက်ခဲ့ကြောင်း လည်းသိရှိရပါသည်။ နိုဝင်ဘာပထမပတ် ချင်းတစ်ပိဿာလျှင် ပွဲရုံဈေး ၁၅၀၀-၁၆၀၀ကျပ်ဖြစ်ကာ ၎င်းဈေးသည် အိတ်စွဲဈေးဖြစ်ပြီး လက်လီဈေးများမှာ တစ်ပိဿာလျှင်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စားဝတ် နေရေးအဆင်ပြေစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် (၂.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)နာရီတွင် မြို့သစ်မြို့ ၊ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ မြို့မစျေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် အခြေခံစားကုန်ဆန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများမှာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ဧက (၉၇၉၇၅)ဧက စိုက်ပျိုးထားရှိခဲ့ပြီး ယခုလက်ရှိတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါသည်။

နိုဝင်ဘာလပထမပတ်တွင် ပြည်မန်ကျည်းမှည့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ရန်ကုန်နှင့် ရခိုင်ဝယ်လက်တို့မှလည်း အစွဲအေးနေတယ်ကြောင်း သိရှိရပါသည်။ ဒေသတွင်းဈေးများရှိ လက်လီ အရောင်းဆိုင်များ၏ လိုသလောက်ပိဿာစွဲလောက်သာ အဝယ်ရှိနေသောကြောင့် အရောင်း အဝယ်ပြန်အေးသွားကြောင်း သိရှိရပါသည်။ နိုဝင်ဘာ ပထမပတ် မန်ကျည်းမှည့်လက်ကားဈေး တစ်ပိဿာလျှင် ၄၃၀၀ကျပ်ဈေးဖြစ်ပြီး လက်လီဈေးများတွင် တစ်ပိဿာ ၄၅၀၀-၄၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည်စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကိုအဓိက ထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး စိုက်ပျိုးမှုအနေဖြင့် ယခင်( ၂၀၂၁ - ၂၀၂၂ ) ခုနှစ်တွင် (၁၅၆၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ခုနှစ်တွင် ( ၁၄၃၇၉၆ )ဧက စိုက်ပျိုးထားပြီး ယခုအချိန်တွင် မိုးစပါးများ အောင်မြင် ဖြစ်ထွန်း လျှက်ရှိပါသည်။ မိုးရွာသွန်းမှုကောင်းသောနှစ်ဖြစ်သောကြောင့် ယခုနှစ်မိုးစပါးများမှာ ယခင်နှစ်ထက် ပိုမ