ကုန်သွယ်မှုသတင်းများ
စားအုန်းဆီသည် ရာသီအလိုက် ၀ယ်လိုအား ပြန်လည်ကောင်းမွန်လာသည့်အတွက် အမြတ် အစွန်း ဆက်လက်ရရှိလျက်ရှိကြောင်း၊ စားအုန်းဆီ ကုန်သည်များသည် မလေးရှားရှိရေကြီးမှု အပါ အဝင် အာရှတစ်လွှားရှိ ထိပ်တန်း စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အခြားသောဒေသများကို အနီးကပ် စောင့်ကြည့်နေကြကြောင်း၊ အစောပိုင်းပွဲတော်နှင့်ဆက်စပ်၍ ၀ယ်လိုအား လှုပ်ရှားမှုများ အရှိန်မြင့် တက်လာပြီးနောက် စျေးကွက်အနေအထား ပိုမိုကောင်းမွန်လာကြောင်း

ဗီယက်နမ်မှ ပိန္နဲသီးများအား တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် တင်ပို့မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းစနစ် အခြေပြစာချုပ်ကို ဗီယက်နမ်နှင့် တရုတ်နှစ်နိုင်ငံကြား ချုပ်ဆိုထားကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရှိရပါသည်။

ယခုနှစ်တွင် ဖိလစ်ပိုင်သို့ တင်ပို့မှု သိသာစွာကျဆင်းခဲ့သဖြင့် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု သည် ၁၁.၅ ရာခိုင်နှုန်းလျော့နည်းလျက် မက်ထရစ်တန် ၈ သန်းဝန်းကျင်ခန့်သာရှိမည်ဟု ခန့်မှန်း ရကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်း ဥက္ကဋ္ဌက ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုနှင့် အပင်ကာကွယ်ရေးဦးစီးဌာနသည် မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသအတွက် အရည်အသွေးမြင့်မားပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါး သည့် စပါးစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို ထုတ် ပြန်ခဲ့သည့်နည်းတူ စိုက်ပျိုးရေးပတ်ဝန်းကျင်ဆိုင်ရာ သုတေသန သိပ္ပံဌာနကလည်း ယင်းဒေသ အတွင်း အဆိုပါ ဆန်စပါးစိုက်ပျိုးမှုအတွက် တိုင်းတာခြင်း၊ အစီရင်ခံ

ကမ္ဘာ့ထိပ်တန်း ဆန်ထုတ်လုပ်ရောင်းချသည့်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ဆန်ပိုလျှံမှု ကြောင့် ဆန်ဈေးနှုန်းများ နိမ့်ကျမှုသည် ယခုနှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်ကြာရှည် နိုင်ကြောင်း သတိပေးခဲ့သည်။ ထို့အပြင် အရှေ့တောင်အာရှတွင် ရာသီဥတု ဖောက်ပြန်နေမှုကြောင့် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

