ကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Jul 2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှ ဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

22 Jul 2025
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်းငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည် ။ ခရမ်းသီးစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ ကိုပျိုးထောင်ပြီး (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း ၊ ၂လခွဲ ၃လကျော် အချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ် သည်မှ တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း ၊ (၁)ဧက အထွက

22 Jul 2025
မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ယခုနှစ်ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁၂.၁ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် ၈.၇ ရာခိုင်နှုန်းကျဆင်းသွား ခဲ့ကြောင်း မွန်ဂိုလီးယားအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များကို ကိုးကား၍ ပြည်တွင်း မီဒီယာများက ဇူလိုင်လ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။

22 Jul 2025
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင်စပါး၊ပဲ၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည့် သီးနှံများစိုက်ပျိုးသည့်အပြင်ငှက်ပျောသီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်မြို့နယ်တွင် (၁၂၈၂)ဧက ၊ စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါ သည်။ ငှက်ပျောစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ငှက်ပျောအထွက် နှုန်းအနေဖြင့် တစ်ဧက လျှင် အခိုင်(၈၀၀)အထိထွက်ရှိကြောင်း ငှက်ပျောအခိုင်(၄၀)ပါလှည်းတစ်စ

22 Jul 2025
သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဂျပန်နှင့်ကိုရီးယားတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း အသီးသီးကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ လူမှုမီဒီယာ တွင် ဇူလိုင်လ ၇ ရက်နေ့က ပြောကြားခဲ့သည်။ Truth Social တွင် တင်ထားသော ထရမ့်၏ ကိုရီးယား သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်ထံ ပေးပို့သောစာတွင် သွင်းကုန်အခွန်သစ်သည် တခြားကဏ္ဍအလိုက် အခွန်စည်ကြပ်မှုများနှင့် သီးခြားဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထိုနိုင်ငံများနှင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြမှုကွာဟချက်ကို ဖယ်ရှား

