ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Jul 2025
ဇွန်လတွင် ဗီယက်နမ်၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပို့ကုန်အမှာစာသစ်များတွင် ၂ နှစ်ကျော် အတွင်း အဆိုးရွားဆုံးကျဆင်းမှုကို ကြုံတွေ့ခဲ့ရကြောင်း S&P Global Market Intelligence မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာအရသိရသည်။ S&P Global Market Intelligence မှ ဇူလိုင်လ ၁ ရက်‌‌နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာအရသိရသည်။ S&P Global Vietnam Manufacturing Purchasing Managers Index သည် မေလတွင် ၄၉.၈ မှ ဇွန်လတွင် ၄၈.၉ သို့ ကျဆင်းသွားကြောင်းသိရသည်။ ယင်းသည်ယခုနှစ်ပထမနှစ်ဝက်တွင် လုပ်ငန်းအခြေအနေများ အနည
23 Jul 2025
နီပေါနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ၆ လတာကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၅၇၇၆၈၉ ဦး လာရောက်လည်ပတ်ခဲ့ကြပြီး ယမန်နှစ်အလားတူကာလကထက် ၀.၉၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နီပေါခရီးသွားဘုတ်အဖွဲ့၏ ဇူလိုင်လ ၂ ရက်‌နေ့ပြောကြားချက်အရသိရသည်။ ၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်း နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ၅၈၃၀၁၆ ဦး လာ‌ရောက်လည်ပတ်ခဲ့သည်။ ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံအတွက် အဓိက နိုင်ငံခြား‌ငွေရရှိရာရင်းမြစ်ဖြစ်ပြီး အလုပ်အကိုင်ပေါင်းများစွာကိုလည်းဖန်တီးပေးခဲ့ကြောင်း သိရှိရပါသည်။
23 Jul 2025
အမေရိကန်သမ္မတ Donald Trump သည် ယခုသီတင်းပတ်အစောပိုင်းက ကြေညာခဲ့သည့် ကြေးနီအကောက်ခွန် ၅၀ ရာခိုင်နှုန်းကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ခိုင်မာသောအမျိုးသားလုံခြုံရေး အကဲဖြတ်ချက်ကို လက်ခံရရှိပြီး နောက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ကြေးနီအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း ထရမ့်က ကြေငြာလိုက်သည်" ဟု Truth Social တွင် ရေးသားခဲ့သည်။ ကာကွယ်ရေး ဌာန၏ ဒုတိယအသုံးအများဆုံးပစ္စည်းအဖြစ် ကြေးနီသည် ဆီမီးကွန်ဒတ်တာများ၊ လေယာဉ်များ၊ သ
23 Jul 2025
သြစတြေးလျ ထောပတ်သီး ထုတ်လုပ်မှုသည် ယခုရာသီတွင် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ကမ္ဘာ့ဈေးကွက်တွင် သြစတြေးလျဒေါ်လာ ဘီလီယံ ၃၀ ကျော် တက်လာပြီး နိုင်ငံတကာ ဝယ်လိုအားနှင့် ပို့ကုန်များ ဆက်လက်မြင့်တက်နေကြောင်း ဇူလိုင်လ ၉ ရက်နေ့ကထုတ်ပြန်သော စက်မှုလုပ်ငန်း အစီရင်ခံစာအရသိရသည်။ ရေတိုကျဆင်းနေခြင်းဖြစ်သော်လည်း ထုတ်လုပ်မှုသည် လာမည့်နှစ်တွင် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းရပြီး ထောပတ်သီးများအတွက် နိုင်ငံတကာ ဝယ်လိုအားနှင့် တင်ပို့မှုအခွင့်အလမ်းများ မကြုံစဖူးမြင့်မားလာခဲ့ကြောင်း စိုက်ပျိုးရေ
23 Jul 2025
မွန်ဂိုလီးယားဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း တရားဝင်အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များထံမှ စုစုပေါင်းရွှေ ၅.၉ တန်ကို ဝယ်ယူခဲ့ကြောင်း ဘဏ်၏ထုတ်ပြန်ချက်အား ကိုးကား၍ ဇူလိုင်လ ၉ ရက်နေ့တွင် ဒေသဆိုင်ရာမီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါဝယ်ယူမှု ကိန်း ဂဏန်းသည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ ဇွန်လအထိ မွန်ဂိုလီးယားဘဏ်မှ ဝယ်ယူသော ပျမ်းမျှရွှေဈေးမှာ တစ်ဂရမ်လျှင် ၃၈၅၃၂၀.၃၆ ရှိသော မွန်ဂိုလီးယား တွန်းရစ် ( အမေရိကန်ဒေါ်လာ ၁၀၇၅) ဖြစ်

Pages