ကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက် ကုန်စည်များ ရောင်းချပေးခြင်းကို (၂၃.၇.၂၀၂၅) နံနက် (၉း၀၀) နာရီက ကဒါရပ်ကွက် မင်္ဂလာစျေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင် စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူမြို့မဈေးမှ ဝယ်ယူရကြောင်း သိရှိရသည်။<

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ နှစ်ရှည်သီးနှံများဖြစ်သည့် ကြက်မောက်သီး၊ ကျွဲကောသီးနှင့် ဒူးရင်းသီးများ ထွက်ရှိချိန် ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ လျက်ရှိသည်။<

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကေ

