ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ သစ်သီးရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ်အသီး တစ်မျိုးဖြစ်သည့် နာနတ်သီးများ စတင်ရောင်းချနေကြောင်း သိရသည်။ နာနတ်သီးသည် ချိုချဉ် အရသာရှိပြီး ကြိုက်နှစ်သက်သူများသည့်အတွက် ဈေးကွက်အတွင်း အရောင်း အဝယ်သွက် လျက်ရှိ ကြောင်း သိရသည်။

ထားဝယ်မြို့၊ စည်ပင်သာယာဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံ များနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံ များ နှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ယခုအခါ ထားဝယ်မြို့ပေါ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း၊ ကန်စွန်းရွက်များကို ကမ်းနား ဈေးနှင့်အခြားဈေးငယ်မျ


