ကုန်သွယ်မှုသတင်းများ
နှင်းသီးဟုဆိုသော်လည်း ဆောင်းရာသီတွင် အသီးသီးခြင်းမဟုတ်ဘဲ နွေရာသီနှင့် မိုးဦးကျချိန်တို့ တွင် သီးလေ့ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်ပါသည်။ အသီးပုံသဏ္ဍာမှာ ခေါင်းလောင်းပုံသဏ္ဍာန် အနီရောင်အသီးကို နှင်းသီးဟုခေါ်ကြပါသည်။ န

အိန္ဒိယဗဟိုအစိုးရသည် ပြည်နယ်အနှံအပြားရှိ အာလူးစိုက်တောင်သူများကို ကာကွယ်ပေး သည့်အနေဖြင့် တစ်တန်လျှင် ၆၅၀၀.၉၀ ရူပီး ဈေးကွက်ပေါက်ဈေးရှိ Uttar Pradesh ပြည်နယ်မှ အာလူးများအား သန်း ၂၀၃.၁၅ အထိ ဝယ်ယူရန် အတည်ပြုလိုက်ကြောင်းသိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ရော်ဘာကဏ္ဍသည် ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ဇန်နဝါရီမှ မတ်လအထိ ရော်ဘာနှင့် ရော်ဘာအခြေခံထုတ်ကုန်များ တင်ပို့မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၄၉ သန်း ရရှိခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးခွန်ဦးစီးဌာန (GDCE) မှ ထုတ်ပြန်သော ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှားအစိုးရ၏ အရန်ဆန်လက်ကျန်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ တန်ချိန် ၅,၀၀၀,၁၉၈ သန်း သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ၏သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင် ပမာဏဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ကြေညာခဲ့သည်။

ထိုင်းနိုင်ငံအတွက် ဆန်တင်ပို့မှုသည် အဓိကဝင်ငွေရရှိရာ လမ်းကြောင်းတစ်ခုဖြစ်သည်။ ထို့အပြင် ဆန်စပါးသည် ထိုင်းနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါဆုံးသော ကုန်စည်အမယ် ဖြစ် ပြီး နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သူအိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်း (၄.၆၈ သန်းသော အိမ်ထောင်စုများ) သို့မဟုတ် လူဦးရေအားဖြင့် သန်း ၂၀ ခန့်သည် ဆန်စပါး စိုက်ပျိုး မှုအပေါ် မှီခိုနေကြရသည်။

