ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Aug 2025
ပြည်မြို့ရှိ ပွဲရုံများနှင့်၊ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား၊ ထောပတ်ပဲနှင့် ပဲပုတ်ပဲ များ၏ဈေးနှုန်းဈေးကွက်အခြေအနေအား လေ့လာကြ့ရာ -

21 Aug 2025
အထက် တောင်ပေါ်ဒေသများဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ၊ လိပ်သို၊ (၁၃)မိုင်၊ သံဘိုးတောင်၊ မုန်း၊ ဘောဂလိဒေသများရှိ ဒေသခံပြည်သူများသည် ကွမ်းသီးပင်များကို မိသားစု စားသုံးရန်အတွက်သာမက စီးပွားဖြစ် စိုက်ပျိုးကြသည်။ ထိုဒေသများမှ ကွမ်းသီးများကို တောင်ငူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ကွမ်းယာတွင် ထည့်သုံးသော ကွမ်းသီးစိတ်ရိုးရိုး (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ကျပ်အထိ ရောင်းချပြီး၊ ကွမ်းသီးစိတ်(ရှယ်) ၁ပိဿာလျှင် ၂၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိသည်။

21 Aug 2025
တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားမြို့နယ်ဒေသများမှ ရာသီပေါ်သီးနှံများ ဝင်ရောက်ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးမှာ ယခုအပါတ်တွင် အသီး(ကြီး)(၁)လုံးလျှင် ၁၀၀၀ ကျပ်၊ (၁၀)လုံးလျှင် (၉၀၀၀)ကျပ်၊ အလတ်(၁)လုံး ၇၀၀ ကျပ်၊ (၁၀)လုံး ၆၅၀၀ ကျပ်၊ အသေး(၁) လုံး ၅၀၀ ကျပ်၊ (၁၀)လုံး(၄၀၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဂေါ်ရခါးညွှန့်မှာ (၁)စီး ၁၃၀၀ ကျပ်၊ (၁၀)စီး (၁၁၀၀၀)ကျပ် ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိသည်။

21 Aug 2025
တောင်ငူမြို့ဈေးများရှိ ဘုရားပန်းဆိုင်များတွင် အခြားပန်းများနှင့်အတူ ပန်းထိမ် ငိုပန်းများ ရောင်းချလျှက်ရှိသည်။ ယခင်လက ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများ ဝယ်ယူရောင်းချ လျက်ရှိရာ ယခုအခါ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရှမ်းဝတီးကျေးရွာမှ ပန်းထိမ်ငိုပန်းများ စတင်ရောင်းချလျက် ရှိနေပြီဖြစ်သည်။
ပန်းထိမ်ငိုပန်းများသည် မိုးတွင်းကာလ၌ ပွင့်တတ်သော ပန်းတစ်မျိုး ဖြစ်ပါသည်။ ပန်းထိမ်ငိုပန်းတွင် အဖြူရောင်၊ခရမ်းရောင်နင့် ပန်းရောင်စသည်ဖြင့် အရောင်များရှိသည်။

21 Aug 2025
ကွမ်းသည်ကပ်ပါးနွယ်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံအပြားပေါက်ရောက်သော အပင် တစ်မျိုး ဖြစ်ပါသည်။ မြန်မာအစတကောင်းက ဟုဆိုရိုးစကားရှိသကဲ့သို့ ကွမ်းကိုတကောင်းခေတ်ကတည်းက စားသုံးခဲ့ကြပါသည်။ ကွမ်းရွက်ကိုညှစ်၍ရသော အရည်နှင့် ဂျင်းပြုတ်ရည်၊ ဆား အနည်းငယ်နှင့် တိုက်ကျွေးပါကပန်းနာ၊ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာချောင်းဆိုး ရောဂါများပျောက်စေနိုင်ပြီး ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာ ခြင်းများ၌ ကွမ်းရွက်အရည်နှင့် ပျားရည်ရော ၍တိုက်ကျွေးလျှင် ပျောက်ကင်းနိုင်သဖြင့် အလွန်အသုံး

