ကုန်သွယ်မှုသတင်းများ
မိတ္ထီလာမြို့မဈေးကြီးနှင့် ကုန်စိမ်းဈေးအတွင်း သံပုရာသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် သီးနှုန်းကျဆင်းသွားသည့်အတွက် သံပုရာသီးဈေးနှုန်းများ အနည်းငယ်မြင့်တက် လျှက်ရှိကြောင်းသိရသည်။သံပုရာသီးကို ဖျော်ရည်၊သံပုရာချဉ်၊အသုပ်မျိုးစုံနှင့် အချဉ်ကြိုက်နှစ်သက် သူများအနေဖြင့် သံပုရာသီးကို မျိုးစုံ

ရွှေဘိုခရိုင်အတွင်းတွင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စပါး/ ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ တတိယပတ်တွင် ရန်ကုန်သို့ (၄၅၇၄၀)အိတ်၊ မန္တလေးသို့ (၄၃၂၃၀) အိတ်၊ နေပြည်

ဆောင်းရာသီကာလတွင် ရာသီဥတုအေးချမ်းသလို ဒေသထွက်ရာသီစာများလဲ ပေါပေါများ များထွက်ရှိသောကာလဖြစ်သည်။ ယခုလို ချမ်းအေးနေချိန်တွင်နေအိမ်များ၌ ရာသီစာ ပိန်းဥ၊ ကန်စွန်းဥ၊ ထန်းပင်မြစ်၊ပဲမြစ်များကို ပြုတ်၍ ဆီ၊ဆားများဖြင့်သုံးဆောင်ကြသည့် ချစ်စရာ ကျေးရွာ ဓလေ့တစ်ခုဖြစ်ပါသည်။

မိတ္ထီလာမြို့နယ်တွင် စပါး၊ပဲစဉ်းငုံ၊ဆီထွက်သီးနှံများအပြင် ကုန်စိမ်းသီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ နံနံပင်နှင့်နံနံစေ့ကို အစားအသောက်တော်တော်များများတွင် ထည့်သွင်းချက်ပြုတ်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ နံနံပင်က ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အရေးပါသော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ နိ

မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလဆန်း၌ ကြက်သွန်နီဈေးငြိမ်နေကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးသော မလှိုင်၊ မိတ္ထီလာမြို့များမှ ကြက်သွန်နီတင်ပို့မှု မှာ ယခုရက်ပိုင်း ပြည်တွင်းဈေးကွက်များသို့သာ တင်ပို့နိုင်ကြောင်းသိရသည်။ မိတ္ထီလာ၊ မလှိုင်မြို့ နယ်များမှ ကြက်သွန်နီကို ပြည်တွင်း
