ကုန်သွယ်မှုသတင်းများ
ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချနေသော ပုစွန်ခြောက်များ သည် ရခိုင်ဘက်မှလာသော ပုစွန်ခြောက်များရှိသလို ပုသိမ်ဘက်မှလာသော ပုစွန်ခြောက်များလည်းရှိ ကြောင်း သိရှိရပါသည်။ ပုစွန်ခြောက်သည် ရာသီမရွေးပုံမှန်အရောင်းအဝယ်ဖြစ်သော ကုန်ခြောက် ပစ္စည်းတစ်မျိုးလည်းဖြစ်ပါသည်။ ပုစွန်ခြောက်ဝ

ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံမှာ ဩဂုတ်လဆန်းတွင် ဒေသတွင်း လက်လီ သမားများသာ အရောင်းအဝယ်ဖြစ်နေခြင်း၊ ဥသျှစ်ပင်၊ အင်းမ၊ ပေါင်းတည်ဘက်မှ အိတ်ဆွဲ သမားများ အရောင်းအဝယ်နှေးသဖြင့် ပုံမှန်ထက် အရောင်းအေးနေပါသည်။ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်းဘက်မှ ပုံမှန် ပိဿာ (၂၂၀)ပါ ကား(၄)စီးခန့်သာ အဝင်ရှိသည်။ ပြည်ဈေးကွက်အတွင

ပြည်ဈေးကွက် ယခုဩဂုတ်လ တတိယပတ်တွင် ရောင်းဝယ်လျက်ရှိသော ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်တစ်စည်းလျှင် (၁၀၀ - ၂၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၁၅၀ - ၂၀၀)ကျပ်၊ ဂေါ်ဖီထုတ် တစ်ထုပ်လျှင် (၂၀၀၀ - ၃၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၈၀၀၀ - ၉၀၀၀)ကျပ်၊ ခရမ်းသီးတစ်လုံးလျှင် (၂၀၀ - ၃၀၀)ကျပ်၊

ပြည်မြို့နယ်၊ ဈေးကွက်အတွင်းတွင် ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထောပတ်သီးတွင် အညိုရောင်ရှိသော အသီးနှင့် အစိမ်းရောင်ရှိသော အသီးဟူ၍ (၂)မျိုး ရှိပါသည်။ ထောပတ်သီးများကို သီရိမင်္ဂလာဈေးကွက်မှတစ်ဆင့် ပြည်မြို့သို့ ပြန်လည် တင်ပို့ ရောင်းချကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ထောပတ်သီးအလုံးအကြီး

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိပြီး မတ်ပြ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ(ကျွန်း)သီးနှံများရောင်းဝယ်လျက်ရှိပါသည်။
