ကုန်သွယ်မှုသတင်းများ
ဒညင်းသီးသည် စားသုံးသူပြည်သူများ ကြိုက်နှစ်သက်ကြသည့်သီးနှံတစ်မျိုးဖြစ်ပြီး ယခု ဩဂုတ်လ ပထမပတ်တွင်မိတ္ထီလာမြို့၊ပိတောက်မြိုင်ဈေး၊ ဘဲကန်ဟင်းသီးဟင်းရွက် လက်ကား ဈေး၊ မြို့မဈေးကြီးတို့၌ ဒညင်းသီးများ မော်လမြိုင်၊ကသာ၊တောင်ကြီး စသည့်ဒေသများမှ အများအပြား ဝင်ရောက်လျှက်ရှိပြီး ဒေသတွင်းရှိမြို့နယ်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

သာစည်မြို့၊ ပန်းဈေးကွက်တွင် ပန်းဈေးမှာ တည်ငြိမ်လျက်ရှိပြီး မိုးရေသောက်ရ၍ ပန်းများမှာ ပိုမိုလှပ၍ရောင်းပန်းလှကြောင်း သိရပါသည်။ ဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော အောင်ပန်းစသည်တို့မှ ဂန္ဓာမာပန်းများ၊ နှင်းဆီရောင်စုံ၊ မိသားစုနှင်းဆီ၊ အင်ကြင်းနီဂန္ဓမာ၊ ဂန္ဓမာမြနှင်းဝါ၊ ဂန္ဓမာမြနှင်းဖြူ၊ဂန္ဓမာဖြူ၊ဝါပန်းများဝင်ရောက်လျက်ရှိပြီး ကျောက်ဆည်မြို့မှ ထွက်ရှိသော သပြေငုတ် အကြီ

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်တွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး တို့ကို စိုက်ပျိုး သည

သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

