ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။<

မိတ္ထီလာဈေးကွက်တွင် ကွမ်းရွက်များကို မတ္တရာ၊ မုံရွာ၊ ကျောက်ဆည် ၊ ရေဝန်း ၊ တံတားဦး ၊ ကံဦးမြို့များမှ ဝင်ရောက်လျက်ရှိပြီး၊ ကွမ်းသီးများကို ဘိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များမှ ဝင်ရောက် လျက်ရှိကြောင်းသိရှိရသည်။

ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူများသည် နှစ်ရှည်သီးနှံများ၊ စားဖိုဆောင်သီးနှံ များအပြင် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးရောင်းချလျက်ရှိရာမှ ရ

ဒညင်းသီးသည် စားသုံးသူပြည်သူများ ကြိုက်နှစ်သက်ကြသည့်သီးနှံတစ်မျိုးဖြစ်ပြီး ယခု ဩဂုတ်လ ပထမပတ်တွင်မိတ္ထီလာမြို့၊ပိတောက်မြိုင်ဈေး၊ ဘဲကန်ဟင်းသီးဟင်းရွက် လက်ကား ဈေး၊ မြို့မဈေးကြီးတို့၌ ဒညင်းသီးများ မော်လမြိုင်၊ကသာ၊တောင်ကြီး စသည့်ဒေသများမှ အများအပြား ဝင်ရောက်လျှက်ရှိပြီး ဒေသတွင်းရှိမြို့နယ်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

