ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Sep 2025

     ဘာစမာတီမဟုတ်သောဆန်များကို ပြည်ပသို့တင်ပို့ရာတွင် အကောက်ခွန်ဌာနထံမှ ခွင့်ပြုချက်မရယူမီ ဆန်တင်ပို့မှု အရောင်းအဝယ်စာချုပ်များကို လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ထံ၌ မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

29 Sep 2025

       ပဲလွန်းပြာမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပြီးမန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်

29 Sep 2025

   အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံဝယ်ယူတင်သွင်းမှုမှာ ယခင်နှစ်၌ စံချိန်တင်မြင့်မားခဲ့သော်လည်း မကြာသေးမီ လများအတွင်း ဝယ်လိုအားနည်းပါးမှုနှင့် ဈေးနှုန်းများကျဆင်းမှုတို့အရ တင်သွင်းမှု နှေးကွေးလျော့နည်းလာခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

29 Sep 2025

      ဖိလစ်ပိုင်နိုင်ငံ၌ စပါးဈေးနှုန်းများ တိုးတက်ကောင်းမွန်လာခဲ့ပြီးနောက် လက်ရှိချမှတ်လုပ် ဆောင်လျက်ရှိသော ဆန်တင်သွင်းမှု ၂ လကြာဆိုင်းငံ့ခြင်းကို ဆက်လက်၍ ကာလတိုးမြှင့်သွား ဖွယ်ရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနက စက်တင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

29 Sep 2025

      ထိုင်းနိုင်ငံသည် PM2.5 အမှုန်အမွှားအဆင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို လျှော့ ချရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသော ကုန်သွယ်ရေးစံသတ်မှတ်ချက်အသစ် ချမှတ်ရန် ရည်ရွယ်၍ စိုက်ခင်းတွင် သီးနှံကြွင်းကျန်များကို မီးရှို့သော နေရာများမှ တင်သွင်းသည့် ပြောင်းကို တားမြစ်သွားမည်ဟု သိရသည်။

Pages