ကုန်သွယ်မှုသတင်းများ
ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌ ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။
မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကြိတ်ခွဲပြီးဆန် ၅၉၆၃၄၁ တန် ခန့် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူအတွင်း တင်ပို့ခဲ့သော ကြိတ်ခွဲပြီးဆန် ၄၄၅၉၁၃ တန်နှင့် နှိုင်း ယှဉ်ပါက ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာအရ သိရသည်။
အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ လက်ရှိကာလ၌ တန်ချိန် ၂၅ သန်းခန့်ရှိရာမှ ၂၀၃၀-၃၁ သီးနှံရာသီနှစ် (ဇူလိုင်-ဇွန်) အရောက်တွင် ၄၀ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၃၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အစိုးရက ရည်မှန်းချက် ချမှတ်ထားသည်။ အောက်တိုဘာ ၉ ရက်နေ့၌ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ စိုက်ပျိုးရေး ဝန်ကြီး Shivraj Singh Chouhan က ရှေ့လာမည့် ၆ နှစ်
မန္တလေးစျေးကွက်သို့ မိုးရာသီဖြစ်၍ မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဂေါ်ရခါးသီးများ ဝင်ရောက်မှုများပြား လျက်ရှိကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်နေသည့်စျေးနှုန်းများမှာ ဂေါ်ရခါးသီး ၁၀လုံးလျှင်

