ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) မှ ဥက္ကဋ္ဌ Lay Chhun Hour ဦးဆောင် လျက် CRF အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) မှ ကိုယ်စား လှယ်များနှင့် Khmer Enterprise (KE) တို့မှလုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့သည် အောက်တိုဘာ ၄ ရက်မှ ၈ ရက်နေ့အထိ ဂျာမနီနိုင်ငံ Cologne မြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စားသောက် ကုန် လုပ်ငန်းဆိုင်ရာ ကုန်စည်

ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရေးနှင့် ပြည်ပသို့တိုးချဲ့တင်ပို့နိုင် ရေးအတွက် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှုများ၊ ဈေးကွက်ထိန်းကျောင်းခြင်းနှင့် အမှတ်တံဆိပ်အရောင်းမြှင့်တင်ခြင်း စသည့် အစီအမံအသစ်များ ပါဝင်သော ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည်။

ရာသီအလိုက် စားအုန်းဆီထုတ်လုပ်မှု နှေးကွေးကျဆင်းခြင်းသည် ပွဲတော်ရာသီကာလ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် တင်ပို့မှုများ မြင့်တက်လာချိန်နှင့် တိုက်ဆိုင်နေမှုအရ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်များသည် လာမည့်လများအတွင်း ကျဆင်းလျက် နှစ်ကုန် ဆုံးချိန်၌ လက်ကျန်တန်ချိန် ၁.၇ သန်း ဝန်းကျင်ခန့်ရှိမည်ဟု စားအုန်းဆီ ကြီးကြပ်မှု အာဏာပိုင်က ပြောကြားခဲ့ကြောင်း The Edge Malaysia သ

ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ရာတွင် ကုန်အရောင်းစာချုပ်များကို မဖြစ်မနေ မှတ်ပုံတင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ဆန်မျိုးများကို အိန္ဒိယ၏ ထုတ်ကုန် အမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဆန်ပို့ကုန် တစ်တန်လျှင် ၈ ရူပီးနှုန်းဖြင့် မှတ်ပုံတင်ကြေး စည်းကြပ်ကောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရန်အတွက် စေ့စပ် ကမ်းလှမ်းမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် အမေရိကန်ထံမှ စွမ်းအင်ထုတ်ကုန်များ အမြောက် အမြား ဝယ်ယူခြင်းအပြင် အီသနောထုတ်လုပ်ရာ၌ အသုံးပြုရန် ပြောင်းများကိုလည်း ဝယ်ယူဖွယ် ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

