ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို ရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရောင်းချနေသော ဆန်ဈေးနှုန်းမှာ ပေါ်ဆန်မွှေး ဆန် တစ်ပြည်လျှင် (၉၅၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်၊ ငစိန်ဆန်တစ်ပြည်လျှင် (၆၅၀၀) ကျပ်မှ (၇၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မြို့မဈေးတွင် ရောင်းချနေသော ကြက်ဥနှင့်ဘဲဥ ဈေးနှုန်းများမှာ ကြက်ဥတစ်လုံးလျှင် (၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၈၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (၂၂.၉.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစတင်၍ ပင်စင်စားဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အသား
