သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၅-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် အိုင်သပြုကျေးရွာအုပ်စု၊ ကားဂိတ်ရပ်ကွက်နှင့် ရန်ကြီးအောင်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၅-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာရှိ၊ (ဖိုးရွှေလ) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်နှင့် (၂၅.၁၀.၂၀၂၄) ရက်နေ့တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်မှ မြို့နယ်တာဝန်ခံများ၊ ဆန်စပါး ကုန်သည်များနှင့်တွေ့ဆုံ၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်ဆန်စပါးကုန်သည်များအသင်း ၂၀၂၅-၂၀၂၉ ခုနှစ် ရွေးချယ်ပွဲကို သင်းဖွဲ့စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၂၃ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၄) ကိုကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စာသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်၊၊
