သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ် တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ “ရန်ကြီးအောင်” ဆန်စက်လုပ်ငန်းရှင် ဦးစိုးလွင်နှင့် တွေ့ဆုံ၍ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ရုံးလမ်း၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၄-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ လက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(တ)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လှည်းဆိပ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဆရာ/မ (၈) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၂၄) ဦး၊ စုစုပေါင်း(၁၃၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
