သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Sep 2025

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

16 Sep 2025

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအားလျော်စွာ ဆီနှင့် ကြက်ဥများ ထောက်ပံ့လျက်ရှိရာ ၂၈.၈.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဝန်ထမ်းများအား ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

16 Sep 2025

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၂၆.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီ၌ ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအား ကျင်းပခဲ့ရာ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေးအား စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

16 Sep 2025

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဆန်စက်ပိုင်ရှင်များနှင့် ခရိုင်ဦးစီးမှူးတို့သည် ၂၇.၈.၂၀၂၅ ရက်နေ့၌ တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

16 Sep 2025

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၂၇.၈.၂၀၂၅ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေးအား စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages