သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Mar 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၇-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် လက်လီ/လက်ကားရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ မြေပြင်လက်ကျန်အခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းစုံစမ်းမေးမြန်းခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

15 Mar 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်းစွမ်းဆောင်ရည်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို ခရိုင်ရုံးဝန်ထမ်း ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) သည် (၄-၃-၂၀၂၄) ရက်နေ့မှ (၈-၃-၂၀၂၄) ရက်န့အထိ နေပြည်တော်ရုံးချုပ်မှ ဦးစီးကျင်းပသော အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး  သင်တန်းပို့ချမှုအား တက်ရောက်ခဲ့ပါသည်။

15 Mar 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

15 Mar 2024

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ မတ်လ(၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊  အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

15 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်၊ ဝါးတောစွန်းကျေးရွာ၌ (၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူ (၁၂၀)ဦး အား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

Pages