သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Feb 2025

           ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ကျိုက်လတ်မြို့ပေါ်ရှိ စားသုံးဆီကိုယ်စားလှယ်ဆိုင်များအား ရှောင်တခင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

24 Feb 2025

             ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ လှည်းဆိပ်ကျေးရွာရှိ “၉၉၉” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစိစစ်ခဲ့ပါသည်။

24 Feb 2025

            ဘိုကလေးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ပြန်/ဆက်ရုံး၌ Talk Show အစီအစဉ် ဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။

24 Feb 2025

           ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲမှူး၊ မြို့နယ်တာဝန်ခံများတက်ရောက်၍  delivery ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင် (၂၃)ဦးတို့အား  စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

24 Feb 2025

           ဖျာပုံမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် သီတာညွှန့်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု့ ရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Pages